လားရှိုးမြို့တွင် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ (၂၁) ရက်နေ့ ည‌နေပိုင်းက အမှတ်(၂၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်၌ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်သူများဖြစ်စေရန် ရည်ရွယ်၍ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက သင်တောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး  သင်တောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက သင်တောင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မလှိုင်မြို့နယ်၌ စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မလှိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်သည်။

အောင်မြေသာစံမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၂၅)အခြေခံပညာ အထက်တန်းကျောင်း၊ မြရတနာပုံခန်းမ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၂ရက် မွန်းလွဲတစ်နာရီက ကျင်းပသည်။

မြဝတီမြို့တွင် အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ခြင်းအသိပညာပေးဆွေးနွေး

ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမတွင် ယနေ မွန်းတည့် ၁၂ နာရီက အမှိုက် (၄) မျိုး ခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး (Talk Show) ဆွေးနွေးခဲ့ကြသည်။

ပြင်ဦးလွင်ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်   စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ၀န်ထမ်းများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာရေးဆရာမ ခင်ဆွေဦးရေးသားသည့် “တို့တိုင်းဌာနီ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်၉နာရီခွဲက  ပြုလုပ်သည်။

သာစည်မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး  သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့မဈေးကြီး မီးဘေးလုံခြုံရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီ ၂၂ ရက်မွန်းလွဲ ၂ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်းများ ပူးပေါင်းဆောင်ရွက်သည်။

ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၀)၌ မီးလောင်မှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၁၀)၊  ပြည်သာယာလမ်းနှင့် ရတနာလမ်းကြားရှိ ကျောင်းသားအိပ်ဆောင်တွင် ယနေ့ မွန်းလွဲပိုင်း  ၁နာရီ ၁၀မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားသည်။
Subscribe to