သံတောင်ကြီးမြို့၌ ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများ စတင်ထွက်ရှိပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေနှင့် နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်းသီးစိုက်ပျိုးလုပ်ကိုင်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်၍ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများ စတင်ထွက်ရှိပြီး  ဈေးကောင်းရရှိသည်။

ရေဦးမြို့နယ်၌ အပူပိုင်း‌ဒေသ(၁၃) ခရိုင်စိမ်းလန်းစို‌ပြေရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲဝောာ်ကျင်းပ

အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယ‌နေ့နံနက် ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ ရွှေပြည်သာရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၀င်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့နယ်၌ နှစ်ရှည်သီးနှံပျိုးပင်များ ပေးအပ်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသော နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပျိုးထောင်ထားရှိသော နှစ်ရှည်ပျိုးဥယျာဥ်မှ ပျိုးပင်များပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက နှစ်ရှည်သီးနှံ(ပျိုးဥယျာဥ်) အိုးအိမ်ဝန်ထမ်းအိမ်ရာ တိုက်(၃)ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေးတွင်  အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး   လူထုလှုပ်ရှားမှု အသွင်ပြင်ဖြင့် သစ်ပင်စိုက်ပျိုး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူပိုင်းဒေသ(၁၃)ခရိုင် သစ်ပင် စိုက်ပျိုးပွဲကို  ဇူလိုင် ၁၁ ရက်  ယနေ့ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း မိုင်တိုင် ၂၆/၆တွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အမှာစကားပြောကြားသည်။

သာစည်မြို့နယ်တွင် အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို  ယနေ့ နံနက် ၇ နာရီက မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင် ၁၇/၆ မှ ၁၈/၀ အထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် မိသားစုဝင်ငွေတိုးပွားစေရန် တစ်နိုင်တစ်ပိုင် နဂါးမောက်ပင်များ စိုက်ပျိုး

တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ဒေသခံပြည်သူများသည် နှစ်ရှည်၊ နှစ်တိုသီးနှံပင်များ စိုက်ပျိုးခြင်းအပြင် မိသားစုအပိုဝင်ငွေတိုးပွားစေရန်အတွက် အိမ်ဘေးရှိမြေကွက်လပ်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာ နဂါးမောက်ပင်များ စိုက်ပျိုးအောင်မြင်ပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် ကျုံသင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ကျုံသင်ကျေးရွာ၊ အခြေခံပညာအထက်တန်း ကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to