ပင်လုံ ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး ကလေးစာဖတ်ခန်းတွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ကလေးစာဖတ်ခန်း လာရောက်အသုံးပြုသည့် စာငှား/စာဖတ် ကျောင်းသား/ကျောင်းသူလေးများဖြင့် ရောင်စုံစက္ကူများအသုံးပြုကာ အရုပ်ခေါက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိသည်။
အဆိုပါ အရုပ်ခေါက်ခြင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပင်လုံမြို့ရုံးမှ အငယ်တန်းစာရေး ဒေါ်ခင်ခန့်ခန့်ချောက ကျောင်းသား/ကျောင်းသူလေးများအား ကြိုးကြာငှက်ရုပ်ခေါက်နည်းအဆင့်ဆင့်အား သင်ကြားပြသပေးပြီး ကလေးများအား ပြန်လည်ခေါက်စေ၍ မသိနားမလည်သည်များကို စိတ်ရှည်စွာစေတနာထား ရှင်းပြပေးခဲ့ကြောင်း သိရသည်။
ပင်လုံမြို့ရုံး ကလေးစာဖတ်ခန်းတွင် ကလေးများအတွက် ကလေးစာပေများ၊ အရုပ်ဆက်များ၊ ရောင်စုံစက္ကူများ၊ ရောင်စုံလေးများ၊ ဆေးရောင်ခြယ်ပန်းချီလေးများ ထားရှိပေးထားပြီး လာရောက်အသုံးပြုသည့် ကျောင်းသား/ကျောင်းသူလေးများအား စာဖတ်ပြခြင်း၊ ပုံပြင်ပြောခြင်း၊ အရုပ်ခေါက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ဂိမ်းကစားစေခြင်းများကို ဆောင်ရွက်ပေးကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ပေးခြင်းဖြင့် ကလေးများအတွက် ဉာဏ်ရည်ဖွံဖြိုးတိုးတက်စေရန်၊ အသိပညာဟုသုတတွေတိုးပွားစေရန်၊ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းလေးတွေရရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းလေးတွေရရှိစေရန် ရည်ရွယ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)