မြန်အောင် ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်အောင်မြို့နယ် ဘောလုံးအသင်းနှင့်အင်္ဂပူမြို့နယ်ဘောလုံးအသင်းတို့ ဗိုလ်လုပွဲယှဥ်ပြိုင်ကစားကြရာ မြန်အောင်မြို့နယ်ဘောလုံးအသင်းက အင်္ဂပူမြို့နယ်ဘောလုံးအသင်းအား ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ အကောင်းဆုံးအားကစားသမားဆု၊ ဂိုးသမားဆုရအားကစားသမားများနှင့်ပထမဆုရ မြန်အောင်မြို့နယ်ဘောလုံးအသင်းနှင့်ဒုတိယဆုရ အင်္ဂပူမြို့နယ်ဘောလုံးအသင်းတို့အား ဆုဖလားနှင့် တစ်ဦးချင်းဆုများကို မြန်အောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်း၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း ၊အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းမင်းစိုး၊ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းအမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ဝင်းဗိုလ် (မြန်အောင်)