ကျိုင်းတုံ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုးရေးဝန်ထမ်းများ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ မိုးစပါးအောင်နိုင်တိုးမျိုးသန့်ပွားစိုက်ခင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့တွင် ယန်းလောကျေးရွာအုပ်စု၊ ဝမ်မောက်ကျေးရွာ တောင်သူဦးစိုင်းယီတစ်၏ လယ်ယာမြေတွင် ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက အောင်နိုင်တိုး မျိုးသန့်ပွားစိုက်ခင်းစိုက်ပျိုးရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေက ဒေသခံကောက်စိုက်လုံမေများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ဒေသခံကောင်စိုက်လုံမေများနှင့် စိုက်ပျိုးရေးဝန်ထမ်းများပူးပေါင်း၍ ၂၀၂၅-၂၀၂၆ မိုးစပါးအောင်နိုင်တိုးမျိုးသန့်မျိုးပွားစိုက်ပျိုးခြင်း ကွင်းသရုပ်ပြမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)