မြင်းခြံ ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မြင်းခြံတက္ကသိုလ်၌ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇) နာရီအချိန်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဖြိုးဝေမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက စိုက်ပျိုးကြမည့် ပျိုးပင်များအား ဖြန့်ဝေပေးခဲ့သည်။
၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဖြိုးဝေမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးဟန်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများက စုပေါင်း၍ တပျော်တပါး သစ်ပင်များ စိုက်ပျိုးပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးရာတွင် တမာ (၁၂၀) ပင်၊ စိန်ပန်း (၁၂၀) ပင်၊ မန်းကျည်း (၁၂၀) ပင်၊ ဗန်ဒါ (၁၂၀) ပင်၊ မယ်ဇလီ (၁၂၀) ပင် စုစုပေါင်း ပျိုးပင် (၆၀၀) စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)