ပေါင်းတည်၌ ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာ၀န်ရှိသူများနှင့်ပူးပေါင်းအဖွဲ့မှ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာ၀န်ရှိသူများနှင့်ပူးပေါင်းအဖွဲ့သည် မြို့နယ်‌ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆေးဆိုင်များမှ ဆေးဝါးများအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးကြသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စွမ်းရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကရသူရိမြို့၌ ကျောင်းသားကျောင်းသူများအား(၇၈)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြော

တနင်္သာရီတိုင်းဒေသကြီး  ဘုတ်ပြင်းခရိုင်   ကရသူရိမြို့၊     အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို  ဇူလိုင် ၁၅ ရက် နံနက် ၉နာရီက ‌ကျင်းပသည်။

ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌နှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်လမ်းတံတားလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသောလူနာများအား ကြည့်ရှု့အားပေး၊ နေရပ်စွန့်ခွာပြည်သူများအတွက် ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွှဲ (၁)နာရီအချိန်က ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများအား လိုက်လံကြည်ရှု့၍အားပေးစကား ပြောကြားခဲ့ပြီးထောက်ပံ့‌ငွေများ လှူဒါန်းကာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာတင်ထွန်း‌အောင်အား ပြည်သူ့ဆေးရုံရှိ လိုအပ်ချက်အခြေအနေအားမေမြန်း၍ လိုအပ်သည်များကို မှာကြားခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒါးကချောင်းကူး(နတ်ကန်)တံတား တည်ဆောက်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့၏ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အတွင်းရှိညောင်ပင်ဆိပ်အုပ်စု နတ်ကန် ကျေးရွာနှင့်သောင်ရွာအုပ်စု ဘိုးထောင့်ကျေးရွာသို့ ဆက်သွယ်ထားသော ဒါးကချောင်းကူး(နတ်ကန်)တံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ စစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်း၊ မြို့မဈေးတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

မုံရွာမြို့၌ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီခွဲက မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများအတွက် သဘာဝဘေးအန္တရာယ် အသိပညာပြန့်ပွားရေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မီးဘေးအန္တရာယ် ကျရောက်လာပါက ဘေးအန္တရာယ်ကင်းစွာ မီးငြှိမ်းသတ်နိုင်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ကွင်းဆင်းသရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
Subscribe to