ကွမ်းခြံကုန်း ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်း၊ မြို့မဈေးတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ကြက်ဥ၊ ဘဲဥ၊ သကြားဈေးနှုန်းများအား စိစစ်ပြီး လုပ်ငန်းရှင်များအား လူတိုင်းနေ့စဉ်စားသောက်နေသည့် ထမင်းဟင်းများကို ချက်ပြုတ်စားသောက်ရာတွင် အခြေခံစားသောက်ကုန်သည်စားသုံးသူများ နေ့စဉ်မရှိမဖြစ် ဝယ်ယူသုံးစွဲနေရသည့် ကုန်စည်များဖြစ်ခြင်းကြောင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနူန်းမြှင့်တင်ရောင်ချခြင်းမရှိစေရေးတို့ကို ရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ ဈေးတာဝန်ခံကျန်းမာရေး(၃)ဦးထွန်းထွန်းတို့က ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)