ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသောလူနာများအား ကြည့်ရှု့အားပေး၊ နေရပ်စွန့်ခွာပြည်သူများအတွက် ပစ္စည်းများပေးအပ်

ရေကြည် ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွှဲ (၁)နာရီအချိန်က ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများအား လိုက်လံကြည်ရှု့၍အားပေးစကား ပြောကြားခဲ့ပြီးထောက်ပံ့‌ငွေများ လှူဒါန်းကာ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာတင်ထွန်း‌အောင်အား ပြည်သူ့ဆေးရုံရှိ လိုအပ်ချက်အခြေအနေအားမေမြန်း၍ လိုအပ်သည်များကို မှာကြားခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ် ပြည်သူ့အားကစားခန်းမတွင် ပြုလုပ်သည့်အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာပေးအပ်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာများ ပေးအပ်ခြင်းနှင့် တွေ့ဆုံအားပေးခြင်းလည်း ဖြစ်ပါကြာင်း၊  နေရပ်စွန့်ခွာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အခက်အခဲများရှိပါကလည်း တင်ပြကြရန်လိုပါကြောင်း” အားပေးစကားများပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာနှင့်ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)