လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်ကြောလမ်းကြောများမပိတ်ဆို့စေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ယာဥ်ကြောများပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေး​ခြင်းများကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)၊ အမှတ်(၈)အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။

ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်​နေ့အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁၅ရက်က  အ-မ-က ရသေ့ကုန်းနှင့်ဘုရားကုန်းကျောင်းတို့၌ ကွင်းဆင်းဆောင်ရွက်သည်။

မချမ်းဘောမြို့တွင် (၇၈)မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။ 

လှိုင်သာယာ (အနောက်ပိုင်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်

ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ အပြောစွမ်းရည်များ မြင့်မားတိုးတက်စေရန်နှင့် စာဖတ်ရှိန်တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Communiity Centre) ခန်းမတွင် ပြုလုပ်သည်။

မြစ်ကြီးနားမြို့၌ နာနတ်သီးဈေးကွက် ဈေးကောင်းရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရာသီအလိုက်သီးနှံများ ပေါ်ထွက်ရောင်းချလျက်ရှိရာ ယခုဇူလိုင်လတွင် နာနတ်သီးများ လှိုင်လှိုင်ပေါ်ထွက်လျက်ရှိပြီး ဈေးကောင်းရရှိကြောင်း သစ်သီးအ‌ရောင်းဆိုင်များမှ သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉) နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(ရွှေပြည်ရန်နိုင်)တွင် ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုး ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုး ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ နှစ်(၇၀၀)အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

စေတုတ္တရာမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးခရိုင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများ စိစစ်အတည်ပြုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများ စိစစ်အတည်ပြုရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

ခရမ်းမြို့နယ် အ.မ.က(၁၁)ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အ.မ.က(၁၁)ကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ခရမ်းမြို့ အ.မ.က(၁၁)ကျောင်းခန်းမ၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
Subscribe to