ကရသူရိမြို့၌ ကျောင်းသားကျောင်းသူများအား(၇၈)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြော

ကရသူရိ ဇူလိုင် ၁၅

တနင်္သာရီတိုင်းဒေသကြီး  ဘုတ်ပြင်းခရိုင်   ကရသူရိမြို့၊     အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို  ဇူလိုင် ၁၅ ရက် နံနက် ၉နာရီက ‌ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံး တန်ဖိုးထားသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်၍ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းခဲ့မှုသမိုင်းအကြောင်း၊  အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိများ၊  ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် အာဇာနည်နေ့ကို ဂုဏ်ပြုအလေးပြုခြင်း စသည်တို့ကို ပညာပေးဟောပြောပြီး အာဇာနည်နေ့ဆိုင်ရာ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်(၉)ဦး၏မှတ်တမ်းများ၊ ဗိုလ်ချုပ်၏မိန့်ခွန်းကောက်နုတ်ချက်များ၊ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြဘုတ်တို့ကို ပြသရာ ကျောင်းသား၊ ကျောင်းသူများလေ့လာကြည့် ရှုခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)