ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှ လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် ယနေ့မွန်းလွဲ ၂ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲကို ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလောမြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ် မိုးစပါးမျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းအား မြေသြဇာကြဲပက်ခြင်း အခမ်းအနားအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ဆိတ်ချေးကုန်း ကျေးရွာကွင်းအမှတ် (၄၄-က) ဦးပိုင်အမှတ် (၂၃ /၁)ရှိတောင်သူဦးအောင်သောင်း၏ လယ်မြေ (၄.၅) ဧကတွင် ရေဆင်းပေါ်ဆန်း(၁/၂)၊ အောင်နိုင်တိုး မျိုး(၃)မျိုးအား မျိုးသန့်မျိုးစေ့ထုတ်စိုက်ပျိုးထားသည့် စိုက်ခင်းအား မြေသြဇာကြဲပက်ပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား ယနေ့နံနက် ၁၀ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အမာမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ အခွန်ဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းအချိန်က ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရန် အသိပညာပေးကြေညာသည့် ဗီနိုင်များ ချိတ်ဆွဲထားရှိမှု ရှိ/မရှိကို ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ကာကွယ်နှိမ်နင်း

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျေးလက်နေပြည်သူများ ကျန်းမာရေး ဗဟုသုတရရှိစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ဇူလိုင်၁၅ရက် နံနက် ၉နာရီက ကျောက်ချပ်ကျေးရွာတွင်ပြုလုပ် သည်။
Subscribe to