ပင်းတယမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ စု‌ပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ Forever Ya Wati Com. (MRTV - 4) ရုံးဝန်း၊ သစ်အယ်ပင်ကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပင်းတယမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အောင်မြေရွှေဘုံတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ရေလမ်းခရီးသွား ပြည်သူများအား သက်ကယ်အင်္ကျီ စနစ်တကျအသုံးပြုနိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက ကျေးရွာအုပ်စုများရှိ ရေလမ်းခရီးသွား ပြည်သူများအနေဖြင့် ရေကြီးရေလျှံမှုများကြောင့် ဘေးအန္တရာယ်ကြုံတွေ့လာပါက  အသက်ကယ်အင်္ကျီများ စနစ်တကျအသုံးပြုနိုင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ရေယာဥ်ဆိပ်ကမ်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

မိုင်းယောင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ် မိုင်းယောင်း ဇူလိုင် ၁၅ ဝေဝေခိုင်(ပြန်/ဆက်)

တပ်ကုန်းမြို့နယ်၌ ငလျင်ဘေးသင့်ခံရသည့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့က မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ခံရသည့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ငလျင်ဘေးသင့်အိမ်ထောင်စုပြည်သူများ တက်ရောက်ခဲ့သည်။

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း ဇူလိုင် ၁၅ ဝေဝေခိုင်(ပြန်/ဆက်)

သန်လျင်မြို့၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ငလျင်ဘေး အန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ပုံစံတူလေ့ကျင့်သရုပ်ပြမှု အခမ်းအနားကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဝင်းက အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ ကျောင်းသူ/သားများ ဆောင်ရန်၊ ရှောင်ရန်များအား ဆွေးနွေးပြောကြားသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ တတိယအကြိမ်မြောက် စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့နယ် သုဓမ္မာဂိုဏ်းလုံးဆိုင်ရာ သာသနဓဇအသင်းကြီးမှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ကလေးကျေးရွာရှိ တောင်ကလေးပရိယတ္တိစာသင်တိုက် ဓမ္မာရုံ ၌ ပြုလုပ်ကျင်းပခဲ့သည်။

မိုင်းခတ်မြို့၌  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Women Club) မှ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Women Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကံမမြို့ နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး(Talk Show)ပြုလုပ်

ကံမမြို့ နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး(Talk Show)ပြုလုပ် ကံမ ဇူလိုင် ၁၅ ကျော်ဇေယျဝင်း
Subscribe to