ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ညောင်တုန်း ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ‌နှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်လမ်းတံတားလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်)၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေး(ရုံးချုပ်)မှ တာဝန်ယူတည်ဆောက်မည့်သောင်တန်း-မောင်းစု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မောင်းစုချောင်းတံတား တည်ဆောက်‌ရေးလုပ်ငန်းအကောင်အထည်ဖော် မဆောင်ရွက်‌မီ အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)