မုံရွာမြို့၌ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

မုံရွာ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီခွဲက မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများအတွက် သဘာဝဘေးအန္တရာယ် အသိပညာပြန့်ပွားရေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ မီးဘေးအန္တရာယ် ကျရောက်လာပါက ဘေးအန္တရာယ်ကင်းစွာ မီးငြှိမ်းသတ်နိုင်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ကွင်းဆင်းသရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

အလားတူ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်းတွင်လည်း နံနက် ၁၁ နာရီအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)