ပေါင်းတည်၌ ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာ၀န်ရှိသူများနှင့်ပူးပေါင်းအဖွဲ့မှ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပေါင်းတည် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာ၀န်ရှိသူများနှင့်ပူးပေါင်းအဖွဲ့သည် မြို့နယ်‌ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဆေးဆိုင်များမှ ဆေးဝါးများအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာ၌ ဆေးဆိုင်လိုင်စင်ရှိ/မရှိ၊ ယင်းဆိုင်များမှ ရောင်းချလျက်ရှိသော ဆေးဝါးများတွင် FDA ၏‌ ထောက်ခံချက်နှင့် ခွင့်ပြုထားသော မှတ်ပုံတင်ကုန်အမှတ်တံဆိပ်ရှိ/မရှိ၊ အညွှန်းများ၊ ထုတ်လုပ်ရက်စွဲများ၊ သက်တမ်းကုန်ဆုံးရက်စွဲများ ပြည့်စုံမှန်ကန်မှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အချက်အလက်အမှတ်အသားများ ပြည့်စုံမှန်ကန်မှုမရှိသော ဆေးဝါးများအား မရောင်းချကြရန်နှင့် ရောင်း၀ယ်မှုများတွေ့ရှိပါက ပြဋ္ဌာန်းထားသော ဆေးဝါးထုတ်လုပ်သုံးစွဲမှုဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေး သတိပေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဆေးဆိုင် ၅ ဆိုင်အား ပြည်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်လှိုင်၀င်းနှင့် ဆေးဘက်ကျွမ်းကျင်-၂ (ဆေးဝါး) ဒေါ်အေးဝတ်မှုန်တို့က ဦးဆောင်‌စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသား (IPRD)