ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စွမ်းရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၁၅

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဥာဏ်ရည်မြှင့်မားစေရန်အတွက် စွမ်းရည်မြှင့်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကာ စဥ်ဆက်မပြတ် ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သော ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့်  စာဖတ်စွမ်းရည်ပြိုင်ပွဲများကို အမှတ်(၃၁)အခြေခံပညာ မူလတန်းကျောင်းသား၊ ကျောင်းသူများမှ အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်