ဖျာပုံ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းအချိန်က ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရန် အသိပညာပေးကြေညာသည့် ဗီနိုင်များ ချိတ်ဆွဲထားရှိမှု ရှိ/မရှိကို ပူးပေါင်းအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင် ပြည်တွင်းအခွန်များဦးစီးဌာန ဖျာပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သီဟ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့မှ “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ”ဟူသော ကြေညာချက်ဗီနိုင်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ချိတ်ဆွဲထားရှိမှု ရှိ/မရှိကို လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်