မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

၂၀၂၅ခုနှစ်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိစေရေးအတွက် မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျိုက္ကဆံကွင်းရှိ ရုံးဟောင်းခန်းမ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ Teqball အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် သင်တန်းနည်းပြ/နည်းစနစ်ဆရာ Mr.Chavalit Jirayukul ၊ ဒိုင်ချုပ် Mr.Veerapol Nakaprawing နှင့် သင်းတန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဇလွန်မြို့ ညောင်ပင်စျေးရပ်ကွက်တွင် ဆန်၊ စားအုန်းဆီနှင့်ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ညောင်ပင်စျေးရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ရောက်လေ့ရှိသည့်ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများသို့ တိရစ္ဆာန် အစာနုအိတ်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်​​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့၌ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။

တာမွေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

တာမွေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ် တာမွေ ဇူလိုင် ၁၅ နိုင်လင်းအောင်(ပြန်/ဆက်)

ဓနုဖြူမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်ချီပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် ဂျီအီးစီပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

တိုက်ကြီးမြို့နယ် ဂျီအီးစီပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ တိုက်ကြီး ဇူလိုင် ၁၅ ဝတ်ရည်(ပြန်/ဆက်)

ပန်းတနော်မြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှု ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ယမန်နေ့နံနက်ပိုင်းက ပြေစာအမှတ်တံဆိပ်ကပ်နှိပ် ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူများသိရှိနိုင်ရန် အသိပေးကြေညာသည့် ဗီနိုင်းများချိတ်ဆွဲထားရှိမှုတို့ကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။ 

ကလေးမြို့တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဆည်တော်ဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း နတ်သျှင်နောင် ကျောင်းဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to