ဒေးဒရဲမြို့နယ်၌ လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ကျွန်းပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိတ္ထီလာမြို့သို့ လာရောက်သည့်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များထပ်ဆင့်ရှင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက  မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့တွင် ရာသီဥတု ပြောင်းလဲခြင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်မြို့တွင် ရာသီဥတု ပြောင်းလဲခြင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ ကျောက်ဆည် ဇူလိုင် ၁၅ အောင်ပိုင်ပိုင်ကျော်

ကန့်ဘလူခရိုင်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလစဥ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ်(၆/ ၂၀၂၅)အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

သန့်သုံးရပ်ကိုလွယ် ရှင်းသုံးသွယ်ကိုဆောင် အသိပညာပေး Talk Show သန်လျင်ခရိုင်၌ ပြုလုပ်

သန့်သုံးရပ်ကိုလွယ် ရှင်းသုံးသွယ်ကိုဆောင် အသိပညာပေး Talk Show သန်လျင်ခရိုင်၌ ပြုလုပ် သန်လျင် ဇူလိုင် ၁၅ ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)

ငါးသိုင်းချောင်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်း၍(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်( ၁၀)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ရွှေဘို)၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်ခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

နိုင်ငံတော်အတွင်း လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက်ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းကို ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၁) နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
Subscribe to