မိုင်းခုတ်မြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မိုင်းခုတ် ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်တွင် ယနေ့မွန်းလွဲ ၂ နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် စခန်းမှူး ရဲအုပ်တင်မိုးမှ မူးယစ်ဆေးဝါး စတင်ပေါ်ပေါက်လာပုံနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ဒုရဲအုပ် အောင်မျိုးထွန်းမှ လူငယ်များ ခိုးယူမှုနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဟောပြောခဲ့သည်။

လူငယ်ရေးရာဟောပြောပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ဦးရေ စုစုပေါင်း (၂၉၀) ဦးနှင့် မြို့မိ၊ မြို့ဖများနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့(ပြန်/ဆက်)