အမာ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာတွင် KG တန်း၊ Grade -1 နှင့် Grade-2 ရှိ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးက ကိုးဦးဇာနည်လက်ချိုးသီ၊ အာဇာနည်ဂုဏ်တင့်ထူးမြေဝသုန်၊ ဒို့ဗိုလ်ချုပ်ကဗျာများထဲမှ မိမိတို့နှစ်သက်သည့်ကဗျာတစ်ပုဒ်ဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပါဝင်ယှဉ်ပြိုင်သူ ကျောင်းသား၊ ကျောင်းသူလေးများကို လက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ပြီး ယခုပြိုင်ပွဲတွင် ဆုရရှိသူများကို ပညာရည် ချွန်ဆုပေးအပ်ပွဲအခမ်းအနားတွင် တစ်ပါတည်း ပေးအပ် သွားမည် ဖြစ်ကြောင်းသိရသည်။
ကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)