ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတနော် ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်မည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှ လာရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည်ရှုစစ်ဆေးရာတွင် ပန်းတနော်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊ တံတားများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများအား စောလျင်စွာနှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပန်းတနော်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ချောင်းကြီး-နိမသောင်-သူဌေးကုန်းလမ်း မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဥ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မအူပင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှလုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)