သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ရုံးစာရေးသားနည်းသင်တန်း ၂/၂၀၂၅ ဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ရုံးနှင့် မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လုပ်ငန်းအရည်အသွေး တိုးတက်မြင့်မားလာစေရန်နှင့် ရုံးလုပ်ငန်းများ မြန်ဆန်အောင်မြင်လာစေရန် အတွက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။