ကသာမြို့နယ်အတွင်းရှိဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ကသာ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ဒေသခံပြည်သူများ အကျယ်တဝင့် သိရှိနိုင်စေရန် အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ခရိုင်ပြန်ကြားေရးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ဒေသခံပြည်သူများတွေ့ကြုံနေရသည့် နယ်မြေမတည်ငြိမ်မှု၏ အကျိုးဆက်များ၊ ဒေသဖွံ့ဖြိုးမှုနေက်ကျရသည့် အကျိုးဆက်များနှင့်ဆက်နွယ်၍ ဒေသလုံခြုံရေးအတွက် ပြည်သူ့စစ်မှုထမ်းခြင်း ကိစ္စရပ်များကိုလည်းကောင်း၊ ကသာမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ခေတ္တဥက္ကဗိုလ်မှူးနိုင်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ ထမ်းဆောင်ရမည့်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့် အခွင့်အရေးများကိုလည်းကော၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစောမြင့်က စစ်မှုထမ်းဆောင်ခြင်းကို ရှောင်လွှဲပါက ကျခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များစသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍သိရှိလိုသည်များကို မေးမြန်းကြရာ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဌတို့က ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ (ကသာ)