ပြင်ဦးလွင်မြို့နယ် အ.လ.က(‌၂)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကို ယမန်နေ့‌နံနက်(၉)နာရီအချိန်ကမန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ‌အ.လ.က (‌၂)တွင် ကျင်းပရာ ရှေးဦးစွာ အ.လ.က(၂)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက  ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

မက်မန်းမြို့တွင် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြဆောင်ရွက်

ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ကြီးမှူးကျင်းပသည့် စွန့်ပစ်ပစ္စည်းအမျိုးအစားခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မက်မန်းမြို့ တြိဂံလမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်၌၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ငါးသားပေါက်ကောင်ရေ ၅၂၀၀၀၀ ကျော် ငါးမျိုးစိုက်ထည့်ရန်လျာထား

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရှင်သန်ကြီးထွားရန်အကောင်းဆုံး အရွယ်ရှိသော ငါးသားပေါက်ကောင်ရေ ၅၂၀၀၀၀ ကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုး စိုက်ထည့်ပေးသွားရန်လျာထားဆောင်ရွက်လျက်ရှိရာ  ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သည် ဒေသခံပြည်သူများနှင့်အတူ ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှိုက်ကမ္ဘာ ကျေးရွာအုပ်စု၊ ဒုံရင်းသဘာဝစမ်းရေတံခွန်အတွင်း ငါးမျိုးများစိုက်ထည့်ပေးသည်။

မြောင်းမြမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲများကို ယမန်နေ့မွန်းလွဲ (၂း၀၀) နာရီအချိန်က ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရာက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီးအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ငလျင်ဘေးသင့်အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရာက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်(ငွေလုံး) ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ထားမှုအားကြည့်ရှုစစ်ဆေး 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲခင်းကျင်းပြသနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရွာငံမြို့နယ်တွင် ရပ်ရွာအခြေပြု အ​​​ခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်ကာ အမျိုးသား/အမျိုးသမီးများမိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန်ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များတက်မြောက်စေရန်အလို့ငှာ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
Subscribe to