အင်းစိန်မြို့နယ် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာ့ယဥ်ကျေးမှုကိုထိန်းသိမ်းတတ်စေရန်နှင့် လွဲမှားသောအယူအဆများမရှိစေရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ကြီးကြပ်မှုဖြင့် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း ဧဝရတ်ခန်းမတွင် မြန်မာ့ယဥ်ကျေးမှုကိုထိန်းသိမ်းတတ်စေရန်နှင့် လွဲမှားသောအယူအဆများမရှိစေရေး အသိပညာပေးဟော ပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။