သီရိ (၅) မြို့နယ် ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအား ပြေစာများအပေါ်၌အခွန်တံဆိပ်ကပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအား ပြေစာများအပေါ်၌ အခွန်တံဆိပ်ကပ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။