ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းအကြောင်း သိကောင်းစရာအကြောင်းအရာဖြင့် အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင်ကျင်းပခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် စက်မှုဇုန်သက်ဆိုင်ရာလုပ်ငန်းများမှ တာဝန်ရှိသူများတက်ရောက် သည်။