ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဒဂုံ(မြောက်) ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းအကြောင်း သိကောင်းစရာအကြောင်းအရာဖြင့် အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင်ကျင်းပခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် စက်မှုဇုန်သက်ဆိုင်ရာလုပ်ငန်းများမှ တာဝန်ရှိသူများတက်ရောက် သည်။

အဆိုပါ ဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦး‌ကျော်နိုင်မိုးမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုသည့် အဓိက မဏ္ဍိုင်(၃)ရပ် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် ပြဋ္ဌာန်းထုတ်ပြန်ထားသော အကြောင်းအရာများနှင့်အညီ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် စက်မှုဇုန်အတွင်းစွန့်ပစ်ပစ္စည်းများကို အမှိုက်ခြောက်၊ အမှိုက်စို၊ ဘေးအန္တရာယ်ရှိ အမှိုက်၊ ပလတ်စတစ်အမှိုက် အမှိုက်အမျိုးအစား (၄) မျိုးခွဲခြားစွန့်ပစ်ခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း၊ ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး အကြောင်းအရာဖြင့် လက်ကမ်းစာစောင်နှင့် အမှိုက်အမျိုးအစား(၄)မျိုး စတစ်ကာများ ဖြန့်ဝေခြင်းများ ဆောာင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ