နတ်မောက် ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျန်းမာရေးဌာနက ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်ကျန်းမာရေးမှူး(၁)ဒေါ်ရီရီငြိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများက နေအိမ်များအား တစ်အိမ်ဝင် တစ်အိမ်ထွက် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခြင်း၊ ပိုးလောက်လန်းများ မျိုးပွားရှင်သန်မှုမရှိစေရန် ဘုရားပန်းအိုး၊ ကျောက်စည်၊ ရေအိုးနှင့် ရေနုတ်မြောင်း စသည့်နေရာများတွင် ခြင်များခိုအောင်းမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ပိုးလောက်လမ်းများရှာဖွေခြင်း၊ နေအိမ်များ၌ ပုံမှန်အသုံးပြုလျက်ရှိသည့် ရေလှောက်ကန်၊ ရေစင်၊ ရေပုံးများ၊ ရေအိုး၊ ရေစည်များတွင် ပိုးလောက်လမ်းများပေါက်ဖွားမှုမရှိစေရန်၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပြုလုပ်ပေးပြီး ကျန်းမာရေးဝန်ထမ်းများက အဘိတ်ဆေးခတ်ခြင်းကို တစ်အိမ်တစ်ဆင်း လိုက်လံကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း