ညောင်ဦးမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ကျစေရေးကွင်းဆင်းစစ်ဆေး

ညောင်ဦး ဇူလှိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ ဝင်ငွေတိုးတက်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို  ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ညောင်ဦးမြို့ပေါ်ရပ်ကွက်/ ကျေးရွာများအတွင်း သို့တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်လျှပ်စစ်မန်နေဂျာ ဒေါ်အေးအေးဝင်းက ဦးဆောင်၍ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအတွင်းရှိ ထရန်စဖော်မာများ၊ ပါဝါမီတာများနှင့် အိမ်သုံးမီတာများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေရေး၊ ဌာနဝင်ငွေတိုးတက်ရရှိစေရေး၊ အများပြည်သူများသုံးစွဲယူနစ်တောင်းခံမှု မှန်ကန်စေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်စေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။

ဒီပါလင်း