မိတ္ထီလာ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ-သာစည်လမ်းမှ ဂုံကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ (ပေ ၈၀) ကွန်ကရစ်တံတား(ဒုတိယပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ဇူလိုင်လ ၁၈ ရက်နေ့နံနက်ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ၁၈၆.၀၀၀ သန်းဖြင့် မိတ္ထီလာ-သာစည်လမ်းမှ ဂုံကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ အရှည်ပေ ၈၀၊ အကျယ် ပေ ၂၀ ရှိ ကွန်ကရစ်တံတား (ဒုတိယပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းကို ဇွန်လ ၁၈ ရက်နေ့မှ စတင်၍ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းက သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)