ကိုဘိုတာ (၆)တန်းသွားကောက်စိုက်စက်နှင့်လက်စွဲကောက်စိုက်များအသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှစက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှုပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တို အတွင်း စိုက်ဧကများစွာကို စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကိုရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ ကိုဘိုတာ(၆)တန်းသွား လက်စွဲကောက်စိုက်စက်နှင့် လက်စွဲကောက်စိုက်စက်များကို အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လက်ပံကျေးရွာအုပ်စု ကွင်းအမှတ် (၁၁၅-ခ၊ ဦးပိုင်အမှတ် ၁၃၇/၁၃၈) တောင်သူ ဦးသိန်းဇော်ဌေး၏ လယ်မြေ(၃)ဧကတွင် သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်သတင်းစာဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် သတင်းစာဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ဇူလိုင်လ ၁၃ ရက်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ဥက္ကလာပမြို့နယ်ရုံး Community Centre ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ပင်လုံမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံအလယ်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့သည်။

မိုင်စံမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာကေတမြို့နယ် အခွန်ထမ်းပြည်သူများအား အခွန်ထမ်းဆောင် အသိပညာပေး ရှင်းလင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊  သာကေတမြို့နယ် သီရိမေမင်္ဂလာခန်းမ၌ အခွန်ထမ်းပြည်သူများအား အခွန်ထမ်းဆောင် အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင်လ (၁၃)ရက်နေ့ နံနက်(၁၀:၀၀)ချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ချည်မျှင်ရှည်ဝါမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်းအတွက် သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့သမိုင်းဝင်နေ့ထူနေ့မြတ်များကိုသိရှိနားလည်စေရန်၊ အမြတ်တနိုးတန်ဖိုးထား‌၍ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(အ‌‌ရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်  ဘာသာရပ်‌ပေါင်းစုံ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲကို ယနေ့တွင် ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

စေတုတ္တရာမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (community centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to