ကလောမြို့နယ်၌ ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်၍ စပါးနှင့် အခြားသီးနှံများပျက်စီးခဲ့သော တောင်သူများကို ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ က‌လောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄ နာရီက ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း‌ကြောင့် ရေကြီးနစ်မြုပ်ခဲ့၍ စပါးနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင် ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သောဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၊ မျိုးသန့်ပေးအပ်ခြင်းနှင့် ပျိုးဘောင်ပြင်ဆင်ထားမှု ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဇရပ် ကွင်းကျေးရွာရှိ တောင်သူ ဦးဝင်းမောင် ကွင်းအမှတ် ၂/၃၈၆B၊ ဦးပိုင်အမှတ် ၁၀/၃၊ စိုက်ဧ က(၆)ဧက၌ ပိုက်ဆံလျှော်သစ်စိမ်း‌မြေဩဇာ ထယ်ထိုးထည့်သွင်းခြင်း၊ အောင်နိုင်တိုးမျိုး သန့်များ တောင်သူများအား ပေးအပ်ခြင်းနှင့် မျိုးစေ့ထုတ်စိုက်ခင်းပြုလုပ်ရန် ပျိုးဘောင် ပြင်ဆင်းထားမှုပြသခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်အတွင်းရှိ ကုန်စည်များဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ ဈေးကွက်မရောက်မီ ကုန်စည်များ အန္တရာယ်ကင်းစေရေး၊ စားသုံးသူများ ထိခိုက်မှုမရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းအား ယနေ့နံနက်(၁၀)နာရီက မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့ဖြင့် မြန်အောင်မြို့မနေခြည်စျေးအတွင်း စားသောက်ကုန်များအား ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မနေခြည်စျေးအတွင်း ယမန်နေ့နံနက်က ဟင်္သာတခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် စားသောက်ကုန်များအား ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့်ဆု​ငွေဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန် စာမေးပွဲတွင် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် ဆု​ငွေဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မဟာအတုလဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန်လ (၉) ရက်နေ့ နံနက်(၁၀) နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်ရှိ "XinFa" (ချည်လုံးကုန်ကြမ်း)စက်ရုံတွင် အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲကို (၉-၆-၂၀၂၅) ရက်နေ့ နံနက် (ဝ၉းဝဝ) နာရီအချိန်တွင် အဆိုပါစက်ရုံရှိ သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to