စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်း ရထားသံလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းဝါလမ်းမှ စိန်ပန်းပြာလမ်းအထိ ပြည်ထောင်စုလမ်းရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုအားပေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဌာနဆိုင်ရာရုံးများနှင့် ရုံးပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

သာစည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်ပရိယတ္တိမာမကအသင်းက ကြီးမှူးကျင်းပသော ပရိယတ္တိအခြေခံစာမေးပွဲ စာအောင်သာမဏေများအား ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်နှင့် မြို့နယ်ပရိယတ္တိမာမကအသင်းကကြီးမှူးကျင်းပသော ပရိယတ္တိအခြေခံစာမေးပွဲ စာအောင်သာမဏေများအား ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက သာစည်မြို့အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ဝိုင်းကုသိနာရုံ ဗုဒ္ဓဝင်ဘုရားဝင်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးများ၊ ရှေးဟောင်းသာသနိက အဆောက်အဦများစွာရှိရာ အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ ဘုရားဖူးလာရောက်နိုင်ရေး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ဝိုင်း ကုသိနာရုံ ဗုဒ္ဓဝင်ဘုရားအတွင်း သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ 

ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကော့ကရိတ်မြို့နယ်ရှိ မဲရုံများ ဖွင့်လှစ်ဆောင်ရွက်ထားမှုအခြေအနေများအား လိုက်လံကြည့်ရှု

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများသည် မဲရုံများပြင်ဆင်ဆောင်ရွက်ထားမှုများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့အတွင်းရှိ မဲရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဘိုကလေးမြို့နယ်တွင် (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ စတင်ကျင်းပ

ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယမဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှကြီးမှူး၍ (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီ အချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက ဝိန်းဝိုင်ရပ်ကွက်ရှိ လားဟူတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကွင်းတွင် ကျင်းပသည်။

ပခုက္ကူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။   

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် နိုင်ငံတကာသင်ရိုးသင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းသင် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများနှင့်တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်ဒေသဆိုင်ရာကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းများအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် နိုင်ငံတကာသင်ရိုးသင်နှင့် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to