ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ၂၀၂၅ခုနှစ် အသက် (၂၁) နှစ်အောက် ရပ်ကွက်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိူ့သစ်ခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၅ ခုနှစ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အသင်း(၂၅)သင်းဖြင့် ယှဉ်ပြိုင်ကစားကြရာ စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီတွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။