တာမွေမြို့နယ်ရှိ စံပြမဲရုံနေရာများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အတွင်း စံပြမဲရုံအဖြစ် ဆောင်ရွက်မည့် လျာထားမဲရုံနေရာများအား လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်

မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း (မိုးထိ) တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲပြလုပ်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈) ကတိသစ္စာခံယူပွဲနှင့်သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီကရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းစစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်မင်းသီဟနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဘက်ရဲမြို့ရှိ တိလောကမာရဇိန် အေးချမ်းသာယာစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကြံခင်း-ဘက်ရဲကားလမ်းဘေးတွင် တည်ထားကိုးကိုယ်လျက်ရှိသော တိလောကမာရဇိန် အေးချမ်းသာယာစေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းနှင့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပခဲ့ရာ ပင့်သဃာတော်အရှင်သူမြတ်များ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ခုနှစ်ရက်သားသမီးအလှူရှင်များ ကြွရောက်ချီးမြှင့်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မဲရုံများဆောင်ရွက်ထားရှိမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မဲရုံများဆောင်ရွက်ထားရှိမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကုလားတန်မြစ်ကြောင်း သောင်တူးဖော်နိုင်ရန်သင်္ဘော ရောက်ရှိနေမှု သွားရောက်ကြည့်ရှုစစ်ဆေး၊ စစ်တွေမြို့တည် နှစ်(၂၀၀)ပြည့်ပွဲတော် အောင်မြင်ခြင်း အထိမ်းအမှတ် မီးပုံးပျံလွှတ်တင်ခြင်းနှင့် တေးဂီတဖျော်ဖြေပွဲအား ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ ကုလားတန်မြစ်ကြောင်း သောင်တူးဖော်နိုင်ရန် သောင်တူးဖော်ရေး သင်္ဘောရောက်ရှိနေမှု သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ကျိုက်မရောမြို့နယ်တွင် ဂန္ဓမာပန်းများ လှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိသဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

ကျိုက်မရောမြို့နယ် အောင်သုခရပ်ကွက်၌ ဂန္ဓမာပန်းများ စီးပွားဖြစ်စိုက်ပျိုးသူများ ပန်းများလှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရနေသဖြင့် ပန်းစိုက်ပျိုးသူ တောင်သူများ စီးပွားရေးအဆင်ပြေလျက်ရှိရာ  ခြံဝင်းကျယ်မြေကွက်လပ်ရှိသူများလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ အောင်မြင်လျက်ရှိကြောင်း ပန်းစိုက်ပျိုးသူ ဦးသူရထံမှ သိရသည်။

ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချ‌ရေးဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့တွင် ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ သူကြီးများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းမြို့ရှိ စျေးဆိုင်များတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ မှန်ကန်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့မစျေးအတွင်း စျေးဆိုင်များတွင်  သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှု ရှိ၊ မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်အသင်း (၃)နှစ်တစ်ကြိမ် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်‌မြောက်ပွဲ ကျင်းပ

‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ Myanmar Real Estate Services Association (Eastern Shan State- ESSRESA) အသင်း၏ ပဉ္စမအကြိမ်မြောက် ၂၀၂၆-၂၀၂၉ ခုနှစ် (၃)နှစ်တစ်ကြိမ် အလုပ်အမှုဆောင်၊ အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝမ်ကောင်းရပ်ကွက် Happy Sense တွင် ကျင်းပခဲ့သည်။
Subscribe to