ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကော့ကရိတ်မြို့နယ်ရှိ မဲရုံများ ဖွင့်လှစ်ဆောင်ရွက်ထားမှုအခြေအနေများအား လိုက်လံကြည့်ရှု

ကော့ကရိတ် ဇန်နဝါရီ ၂၄

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများသည် မဲရုံများပြင်ဆင်ဆောင်ရွက်ထားမှုများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့အတွင်းရှိ မဲရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ မံရုံများ လိုက်လံစစ်ဆေးဆောင်ရွက်ရာတွင် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကျင်းပမည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့‌ပေါ်နှင့်‌ ကျေးရွာတို့တွင် ဖွင့်လှစ်ထားသည့် မဲရုံများသို့ သွားရောက်ပြီး ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများ၊ မဲရုံမှူး၊ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲတွင်အသုံးပြုမည့် မဲပေးစက်ဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာမဲရုံများအလိုက် မဲရုံမဖွင့်မီဆောင်ရွက်ရမည့် အချက်များ၊ မဲပေးနေချိန်နှင့် မဲရုံပိတ်သိမ်းချိန်များတွင် ဆောင်ရွက်ရမည့်အချက်များ၊ မဲရုံများ စနစ်တကျထားရှိမှုအ‌ခြေအနေများ၊ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား သက်ဆိုင်ရာကဏ္ဍများအလိုက် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်တွင် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တတိယပိုင်းတွင် မဲရုံစုစုပေါင်း (၂၅)ရုံ ဖွင့်လှစ်ပြီး မဲပေးပိုင်ခွင့်ရှိသူဦးရေ (၃၈၀၃၈) ဦးရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)