ကျိုင်းတုံမြို့နယ်တွင် မွေးမြူရေးတောင်သူများအား မွေးမြူရေးဘဏ်စနစ်ဖြင့် တိရစ္ဆာန်မျိုးကောင်း မျိုးသန့်ဒေသနွားများ အခမဲ့ဖြန့်ဖြူးပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ၊ မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူရေးတောင်သူများအား တိရစ္ဆာန်မျိုးကောင်း၊ မျိုးသန့်ဒေသနွား၊ နွားပြာစိမ်းအမ (၁၀)ကောင် အခမဲ့ဖြန့်ဖြူပေးအပ်ပွဲကို ယမန်နေ့က ကတ်ထိုက်ကျေးရွာအုပ်စု၊ တုံကွမ်ကျေးရွာတွင် ကျင်းပသည်။