ပခုက္ကူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းကစတင်ပြီး မြို့ပေါ်ရပ်ကွက်များ၌ ကြော်ငြာဘုတ်များဖြင့် မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့ထုတ်စံပြကွက် (၅)ဧကကွင်းသရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လယ်ကျင်းကွေ့ကျေးရွာတွင် တောင်သူ ဦးကျော်မြင့်၏ ယာမြေ၌ ၂၀၂၅-၂၀၂၆ ခုနှစ် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့ထုတ်စံပြကွက် (၅)ဧက ကွင်းသရုပ်ပြပွဲအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၄) ရှမ်းစုအခြေခံပညာမူလတန်(လွန်)ကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အဏ္ဏဝါစွန့်ပစ်ပစ္စည်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ

ကျောက်ဆည်မြို့နယ်တွင် အဏ္ဏဝါစွန့်ပစ်ပစ္စည်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျောက်ဆည် စက်တင်ဘာ ၃၀ အောင်ပိုင်ပိုင်ကျော်

မိုင်းနောင်မြို့ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယနေ့နံနက်နာရီမှ ၈ စတင်၍ မြို့နယ်အတွင်းရှိ မြို့​ပေါ်(၅)ရပ်ကွက်တွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားကြောင်း သိရသည်။

သရက်မြို့နယ်အတွင်း မဲစာရင်းများ ကပ်ထားမှုအား လိုက်လံကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း မဲစာရင်းများ ပထမအကြိမ် ကပ်ထားကြေညာထားရှိမှုအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီကစတင်၍ မြို့ပေါ် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် မဲကြော်ငြာဘုတ်များကပ်ထားပြီး လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပခုက္ကူမြို့၊ သမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒခံယူပွဲနှင့် ဂုဏပူဇာဩဝါဒါစရိယ မော်ကွန်းလွှာဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒခံယူပွဲနှင့် ဂုဏပူဇာဩဝါဒါစရိယမော်ကွန်းလွှာ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။

စေတုတ္တရာမြို့၌ ချမ်းသာကြီးစေတီတော်နှင့် ဘုန်းကျိုက်ကျမ်းစေတီတော်တို့အား ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်စံပြရပ်ကွက်ရှိ စည်ကျစ်တောင်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ချမ်းသာကြီးစေတီတော်နှင့် ဘုန်းကျိုက်ကျမ်းစေတီတော်တို့အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပခဲ့သည်။

ပခုက္ကူမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

တံတားဦးမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများ ဝန်ထမ်းနှင့်မှီခိုမိသားစုဝင်များအား ဇွန်လ (၁) လအတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများ၊ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင်များအား ၂၀၂၅ ခုနှစ် ဇွန်လ (၁) လအတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၃၀ ရက်နေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အမှတ် (၂) ရပ်ကွက် မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to