လေးမျက်နှာမြို့၌ မဲဆန္ဒရှင်ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒမဲပေး

ဒေသအတွင်း မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒအမြင်ကို ဒီမိုကရေစီနည်းလမ်းဖြင့်ဖော်ထုတ်နိုင်ရေးအတွက် အရေးပါသော လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို လေးမျက်နှာမြို့၌  ယနေ့နံနက် (၆)နာရီမှစတင်ကျင်းပရာမဲဆန္ဒရှင် ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ

၂၀၂၆ ခုနှစ်၊ဇန်နဝါရီ ၂၅ ရက် ယနေ့တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲစတင်ကျင်းပရာ  ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌   ပြည်သူများလာရောက် မဲပေးလျှက်ရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မဲရုံများစတင်ဖွင့်လှစ်

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ယနေ့ဇန်နဝါရီလ (၂၅) ရက်တွင် စတင်ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယနေ့နံနက်(၆)နာရီမှ စတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း(၃) မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေး

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင် မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယ‌နေ့နံနက် ၆ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးသည်။

ဒေးဒရဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အေးချမ်းစွာဖြင့် စတင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အား ဒေးဒရဲမြို့နယ်တွင်းရှိ မဲရုံ(၁၆၄)ရုံ၌ ယနေ့ နံနက်(၆)နာရီမှစတင် ဖွင့်လှစ်ခဲ့ပြီး မဲဆန္ဒရှင် ပြည်သူများက အေးချမ်းစွာဖြင့် ဆန္ဒမဲများ စတင်ပေးလျက်ရှိသည်။

လောင်းလုံးမြို့နယ်အတွင်း ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲများလာရောက်ပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံး မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ရပ်ကွက်/ကျေးရွာများရှိမဲရုံ (၁၄) ရုံ၌ ဇန်နဝါရီ ၂၅  ရက် နံနက် ၆ နာရီက စတင်၍ ပြည်သူများကအေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များ၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ စတင်ဖွင့်လှစ်ပြီး ပြည်သူများ မဲပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျေးရွာ/ရပ်ကွက်များ၌ မဲရုံ ၁၂ ရုံအား ယနေ့နံနက် ၆ နာရီအချိန်တွင် စတင်ဖွင့်လှစ်ပြီး ပြည်သူများ မဲပေးလျက်ရှိသည်။

ဆားလင်းကြီးမြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရာ ပြည်သူများလာရောက်ဆန္ဒမဲပေး

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်  ဆားလင်းကြီးမြို့နယ်၌  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ(၂၅)ရက် နံနက်(၆)နာရီမှ စတင်ပြီး မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိသည်။

သီပေါမြို့နယ်၌ ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ မဲရုံအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှစ၍ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိသည်။

တာမွေမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများ တစ်ခဲနက် ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to