မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ မုဒုံမြို့၌ ရက် (၁၀၀)စီမံချက် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရက် (၁၀၀) စီမံချက်အတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မုဒုံမြို့နယ်ဘဏ်ခွဲမှ ဆောင်ရွက်မည့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးရေးနှင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့သည် နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ၂၀၂၆ ခုနှစ် ဧပြီလ (၂၀) ရက်နေ့မှ စတင်ဆောင်ရွက်မည့် အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း Quick Win ရရှိမည့်အစီအစဉ်များ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်သည့် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးရေးနှင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

လသာမြို့နယ်သိမ်ကြီးဈေး(ဃ)ရုံ၌ မီးဘေးကာကွယ်ရေးလုပ်ငန်းများ လိုက်လံစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ သိမ်ကြီးဈေး(ဃ)ရုံ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးပိတ်ချိန်တွင် Main Breaker များချထားခြင်း ရှိ/မရှိနှင့် ဆိုင်ခန်းများအတွင်းရှိ Breaker များ ပိတ်သိမ်းထားရှိမှုအခြေအနေများအား ယမန်နေ့ညနေပိုင်းအချိန်က ညဂျူတီတာဝန်ကျလုံခြုံရေးမှူးနှင့် တာဝန်ကျဝန်ထမ်းများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကြီးကြပ်ရေးအဖွဲ့များအား တာဝန်ပေးအပ် နိုင်စေရေး ပြည်သူများအား ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးဆွေးနွေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကြီးကြပ်ရေးအဖွဲ့များအား တာဝန်ပေးအပ်နိုင်ရေးအတွက် ပြည်သူများအား အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးဟောပြောပွဲကို မေလ ၁၁ ရက်နေ့နှင့် ၁5 ရက်နေ့အထိ မြို့နယ် အကူအညီပေးရေးအဖွဲ့များက သက်ဆိုင်ရာအုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဓနုဖြူမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရဆောင်ရွက်သည့် ၂၀၂၆ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ ၁၂ရက်နေ့ နံနက်(၉)နာရီအချိန်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရုံး၌ ကျင်းပသည်။

ငါးသိုင်းချောင်းမြို့ရှိ ပိတ်ဆို့နေသောရေမြောင်းများနှင့် ခြုံနွယ်များအား လိုက်လံရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ယနေ့နံနက် (၉) အချိန်က ပိတ်ဆို့နေသောရေမြောင်းများနှင့် ခြုံနွယ်များ၊ အမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကလိုက်လံ၍ ခုတ်ထွင်ရှင်းလင်း ဖယ်ရှားခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

လသာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် Wi-Fi ကြိုးများ စနစ်တကျရှိစေရေး ပူးပေါင်းရှင်းလင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မြို့ပြအလှတရားနှင့်လျှပ်စစ်ဘေးကင်း လုံခြုံမှုတိုးတက်လာစေရန်ရည်ရွယ်ပြီး မြို့နယ်အတွင်းရှိ လမ်းများ၌ Wi-Fi ကြိုးများအား စနစ်တကျဖြစ်အောင် ပြုပြင်ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Subscribe to