ဒဂုံတောင် ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အောင်မြင်စွာဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များ ရှင်းလင်းဆွေးနွေးခြင်း၊ လုံခြုံရေးမကြိုပေါက်စေရေးမှာကြားခြင်း၊ နိုင်ငံတော်အလံများ လွှင့်ထူခြင်းအတွက် အရွယ်အစားသတ်မှတ်ချက်များနှင့် သစ်လွင်တောက်ပစွာ ဆောင်ရွက်ရေးမှာကြားခြင်း၊ အစိုးရပါဠိပထမပြန် စာအောင်ဆုနှင်းပွဲတွင် ဌာနဆိုင်ရာများ ပူပေါင်းပါဝင်ဆောင်ရွက်ရေး မှာကြားခြင်းများနှင့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြရေး ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အတွင်းရှိ ဌာနများအနေဖြင့် လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အစည်းအဝေးဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ရန်ရှိပါက တင်ပြဆောင်ရွက်ကြရန် ကူညီရန်လိုအပ်ပါက ကူညီဆောင်ရွက်ပေးနိုင်ရန်များ စသည်ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးဝင်းမြင့်အောင်က လုံခြုံရေးဆိုင်ရာကိစ္စများ ရှင်းလင်းဆွေးနွေးခြင်း၊ အတွင်းရေးမှူး မြို့နယ်ရဲမှူးက အလံများ သစ်လွင်တောက်ပရေးနှင့် လုံခြုံရေးဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းဆွေးနွေးခြင်း၊ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်လဝကမှူးက လုပ်ငန်းဆောင်ရွက်ပေးမှုအခြေအနေများ ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသူ ဌာနဆိုင်ရာအသီးသီးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးတင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းနှင့် အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
နေမျိုးအောင်