မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ(၂)ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇း၀၀) နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇)လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပူတာအို၌ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ဒေသစိမ်းလန်းစိုပြေလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ် ခရိုင်/မြို့နယ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ဇူလိုင်(၂၅)ရက် နံနက်(၈)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း ပတ်ဝန်းကျင်မြေကွက်လပ်၌ ကျင်းပသည်။

ပန်းဘဲတန်းမြို့နယ်၊ အနောက်ပိုင်းခရိုင် GEC ဝန်ထမ်းများ ငွေစုငွေချေးသမအသင်းအရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အနောက်ပိုင်းခရိုင် GEC ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း  အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားတက်ရောက်

အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနည်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၁၀)နာရီအချိန်က တံတားမြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်အသိပညာပေးဟော ပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက ခရမ်းမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်သာယာ-ဒလ-တွံတေးကားလမ်း ဘေးဝဲယာ မိုင်တိုင် ၆/၂ မှ ၇/ဝ အထိ ၂ဝ၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် စတုတ္ထအကြိမ် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ မိုင်တိုင် ၆/၂ မှ ၇/ဝ အထိ၊ လှိုင်သာယာ-ဒလ-တွံတေးလမ်း၌ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြည်စေရေးအတွက် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ပဉ္စမအကြိမ်)အား တွံတေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၂၃ ရက် နံနက် ၈ နာရီ တမံကြီးကျေးရွာအုပ်စု၊ တွံတေး-လှိုင်သာယာကားလမ်းဘေး မိုင်တိုင် (၆/၂ မှ ၇/၀)တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ RC(၄)ထပ်တိုက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးဆောင်ရွက်‌နေမှုအား တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ရေ၊လေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လာရောက်ကြည့်ရှုစစ်ဆေး

မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ အကွက် (၆၅၅)၊ ၃၈ လမ်း၊ ၇၈×၇၉ လမ်းကြားရှိ ဦးခင်မောင်ဝင်း၊ ပိုင်ဆိုင်သည့် RC (၄) ထပ်တိုက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးဆောင်ရွက်‌ နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အသက်ကယ်အင်္ကျီများ ပေးအပ်ပွဲပြုလုပ်

ကိုကိုးကျွန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အသက်ကယ်အင်္ကျီပေးအပ်ပွဲကို ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းက ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် ​မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပရဟိတလုပ်ဆောင်သော ပြည်သူများအား ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ယူပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့  နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to