တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနည်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

တံတား ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၁၀)နာရီအချိန်က တံတားမြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်အသိပညာပေးဟော ပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဓာတ်ပုံကျွမ်းကျင်-၂ ဒေါ်လှိုင်သူဇာက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဗဟုသုတများစွာသိုလှောင်ထားသည့် ပညာဘဏ်တိုက်စာကြည့်တိုက်များနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့်အ လေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင်စာပေလေ့လာဖတ်ရှု၍ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်‌စေရန်၊ စာအုပ်စာပေလေ့လာခြင်းဖြင့် အသိ ပညာဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့်မိမိလူမျိုးကိုအကျိုးပြုနိုင်သည့် နိုင်ငံ့သားကောင်းရတနာများဖြစ်လာနိုင်‌စေရန်၊ စာပေ၏အကျိုးကျေးဇူးများအကြောင်းကို အသိ ပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကိုခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း(ပြန်/ဆက်)