ခရမ်း ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက ခရမ်းမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်းများအားတွေ့ဆုံအမှာစကားပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့ပြီး အမှတ်(၄)ရပ်ကွက်၊ (၅) ရပ်ကွက်နှင့် (၁၂)ရပ်ကွက်တို့တွင် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)