လှိုင်သာယာ-ဒလ-တွံတေးကားလမ်း ဘေးဝဲယာ မိုင်တိုင် ၆/၂ မှ ၇/ဝ အထိ ၂ဝ၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် စတုတ္ထအကြိမ် ကျင်းပ

တွံတေး ဇူလိုင် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ မိုင်တိုင် ၆/၂ မှ ၇/ဝ အထိ၊ လှိုင်သာယာ-ဒလ-တွံတေးလမ်း၌ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြည်စေရေးအတွက် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ပဉ္စမအကြိမ်)အား တွံတေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၂၃ ရက် နံနက် ၈ နာရီ တမံကြီးကျေးရွာအုပ်စု၊ တွံတေး-လှိုင်သာယာကားလမ်းဘေး မိုင်တိုင် (၆/၂ မှ ၇/၀)တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမျိုးသန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်းအင်အား(၃၅၀)ဦးမှ မန်ဂျန်ရှား (၁၆၀၀)ပင်၊ မဟော်ဂနီ(၁ဝဝ)ပင်၊ ပျဉ်းမ(၁ဝဝ)ပင်၊ ငုရွှေဝါ(၁ဝဝ)ပင်၊ ခရေ(၁ဝဝ)ပင်၊ စုစုပေါင်း(၂၀ဝဝ)ပင်တို့ကို စိုက်ပျိုးခဲ့ပြီး ၂ဝ၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်(ပဉ္စမအကြိမ်)အား အောင်မြင်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင် တွံတေး