ပန်းဘဲတန်း ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အနောက်ပိုင်းခရိုင် GEC ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။
အဆိုပါအခမ်းအနားကို အသင်းဥက္ကဋ္ဌဒေါ်မြသက်မှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အသင်း၏စီးပွါးရးလုပ်ငန်းများလုပ်ကိုင်နေပုံကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်း၏အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့်နှစ်ချုပ်ဘဏ္ဍာရေးနှစ်ရှင်းတမ်းများကို အသင်းဒုဥက္ကဋ္ဌဦးသွင်အောင်နီမှဖတ်ကြားတင်သွင်းပြီး အသင်းသားတစ်ဦးဖြစ်သူဒေါ်တင်တင်မြင့်မှ ထောက်ခံအဆိုပြု၍ အသင်းသားများမှ သဘောတူအတည်ပြုခဲ့ကြပါသည်။
ထိုနောက် မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိဦးဘုန်းမြင့်လှိုင်မှ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အသင်းများဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး အသင်းသား(၁၈)ဦးအတွက် အစုအပေါ်အမြတ်ငွေ(၁၅၄၆၅၅၀/-)ကျပ်အား ခွဲဝေပေးခဲ့ကြောင်းသိရပါသည်။
ဖြူဖြူဝင်း(ပြန်/ဆက်)