မဟာအောင်မြေမြို့နယ်၊ RC(၄)ထပ်တိုက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးဆောင်ရွက်‌နေမှုအား တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ရေ၊လေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လာရောက်ကြည့်ရှုစစ်ဆေး

မဟာအောင်မြေ ဇူလိုင်၂၅

မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်၊ အကွက် (၆၅၅)၊ ၃၈ လမ်း၊ ၇၈×၇၉ လမ်းကြားရှိ ဦးခင်မောင်ဝင်း၊ ပိုင်ဆိုင်သည့် RC (၄) ထပ်တိုက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးဆောင်ရွက်‌ နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဆွေလွင်အောင်၊ မန္တလေး မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မဟာအောင်မြေမြို့နယ် ဦးစီးမှူး ဦးမျိုးဇော်ဝင်းတို့မှ လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ကူညီ‌ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)