ကိုကိုးကျွန်း ဇူလိူင် ၂၅
ကိုကိုးကျွန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အသက်ကယ်အင်္ကျီပေးအပ်ပွဲကို ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းက ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပရဟိတလုပ်ဆောင်သော ပြည်သူများအား ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ယူပေးဝေခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကယ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)