ညောင်ရွှေမြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ညောင်ရွှေ   ဇူလိုင်  ၂၇

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန် ဂေဟစနစ် ထိန်းသိမ်းနိုင်စေရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွ စွာ ပူးပေါင်းပါဝင်လာစေရန်နှင့်အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်တောများပြန်လည် ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၂၆ရက် နံနက် ၇ နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိလောစခန်းကြီးကျေးရွာအုပ်စု ထီပုံးကျေးရွာ ရေထွက်အနီး၌ပြုလုပ်ခဲ့သည်။

အခမ်းနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်စွာလင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်နှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက သစ်ပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မာတာကွတ် (၂၀၀)ပင်၊ အော်ရီးရှား (၂၀၀)ပင်၊ ပြည်လုံးချမ်းသာ (၂၅)ပင်၊ အာဖကန်ကျူးလစ် (၅၀)ပင်၊ စိန်ပန်းနီပျိုးပင် (၂၅)ပင် စုစုပေါင်းပျိုးပင် (၅၀၀)ပင် စိုက်ပျိုးခဲ့ ကြောင်း သိရသည်။

စိုင်းအယ်ဘဲ