ကလော ဇူလိုင် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ မြို့လယ်ဓမ္မာရုံ၌ ဇူလိုင်လ ၂၆ ရက်နေ့နံနက် ၉ နာရီက တက်နေဝန်းအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၉၂ ဦးစာရင်းရှိပြီး ၈၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်နေဝန်းအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း (လီမီတက်) သဘာပတိ ဦးမြင့်ဆွေက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းတို့က အသင်း၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အသင်း၏တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး စာရင်းရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သဘာပတိက အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းတို့အပေါ် အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
တက်နေဝန်းအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး တက်ရောက်သူများအား အသင်းမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)